Monday, March 18, 2013

What is Life ? ဘ၀ဆိုတာဘာလဲ

Life is,of course,thought.
If there is no thought, there is no life.
We think of our self what I am,who I am, what I wear,what I like, what I do etc,..never getting to the end with the desire-" I ".
To have a real peaceful and happy life just take out the "I" ,and go on as before.....
Just I think..I share...

ဘ၀ဆိုတာ အတွေးမျှပါပဲ.....အတွေးမရှိရင် ဘ၀မရှိ....ကျွန်တော်တို့တွေ စဉ်းစားတာ.... ငါဘာကွ...ငါဘယ်သူကွ....ငါဘာဝတ်တယ်..ငါဘာကြိုက်တယ်...ငါဘာလုပ်တယ်...စသည်ဖြင့်ပေါ့..ငါဆိုတဲ့ဆန္ဒကို ပြည့်အောင်းဖြည့်ဖို့ မစွမ်းနိုင်ကြဘူး...အမှန်တကယ်အေးချမ်းပျော်ရွှင်လိုရင် “ငါ” ဆိုတာလေး ဘေးဖယ်ထားလိုက်ရုံပါပဲ...အရင်ကလိုပဲ ခရီးဆက်ကြည့်ပါ.....
ကျွန်တော့်အတွေး...ဝေမျှရုံပါပဲ.....http://www.facebook.com/pyaynaing.oo

Monday, November 21, 2011

ပျံလိုရာ ပျံနိုင်ပြီတဲ့လား


အလွန်အကျွံတောက်ပလွန်းလို့
စူးခဲ့ဖူးတဲ့ ဆူးတွေ
မူးနေခဲ့မိတဲ့ငါကတော့
ကျေးဇူးပါ။

နေ့
အမှောင်ရိပ်တွေကြား
မနမ်းခဲ့ဖူးတဲ့ ပန်းတွေ
ဘယ်သူမှမလွမ်းရင်နေ
အဲဒီတုန်းက
ငါ့ရဲ့အထီးကျန်မှု
ငါဘာသာငါလွမ်းတယ်။
ခါးသီးမှုတွေက ချိုမြိန်လွန်းတယ်
လှပမှုတွေက အကျည်းတန်လွန်းတယ်
ပူလောင်မှုတွေက စွတ်စိုလွန်းတယ်
ငါ့ခံစားချက်တွေကတော့ ခြောက်သွေ့လွန်းတယ်။

ဖြောင့်နေတဲ့ လမ်းမကြီးက
တည့်တည့်မသွားတတ်တဲ့ငါ့အတွက်
ကွေ့ကောက်သွားတာ
ငါစိတ်မဆိုးရက်ပါဘူး။

လမ်းဆုံးရင်ရွာတွေ့မယ်တဲ့
ခရီးအဆုံးမှာ လမ်းမဆုံးသေးပေမယ့်
ငါခြေထောက်တွေက
ဘယ်တော့မှ မမုန်းပါဘူး။

အရောင်တူအဆင်လွဲခဲ့တဲ့
သင်းကွဲငှက်
တဖျက်ဖျက်ခတ်ရင်း ခရီးဆက်
အိမ်မက်တွေဆက်မက်နေဆဲပါ။

အလွဲလွဲအချော်အချော်တွေ
စားခဲ့ရတဲ့ ငါ့ခံတွင်းက
အော့အန်ထုတ်လိုက်ရတဲ့
အန်ဖက်အပိုင်းအစတွေကို
စာစာနာနာကြည့်အပြီး
ငါ့အတောင်မှာ
သူ....
စာတစ်ကြောင်းရေးသွားတယ်
“သင်ပျံလိုရာ ပျံနိုင်ပြီ” တဲ့။

ကျေးဇူးပါ
ကဗျာ...........................။

ပြေနိုင်ဦး

အလွဲနိဒါန်း

အသိုက်ကထွက်တဲ့တစ်နေ့
ဖတ်ဖို့စာတစ်အုပ်
စားဖို့ထမင်းတစ်ထုပ်
အဖေလုပ်သူပေးလိုက်တယ်။

ယောင်ယောင်မှားမှား
အတွေးများနဲ့
ဖတ်ခဲ့မိ
စားခဲ့မိ။

နာတာရှည်
အစာမကြေခြင်း
ခေါင်းကိုက်ခြင်း
ဝေဒနာ။

ခုမှသိပြီ
ငါ့ရင်ထဲမှာ စာရွက်တွေက တဖျက်ဖျက် တလှပ်လှပ်
ငါ့ခေါင်းထဲမှာ ထမင်းလုံးတွေက တရုံးရုံး တ၀ုန်းဝုန်း။

Sunday, November 20, 2011

ထွက်ဆိုချက်

မောင်မင်း အမှန်တိုင်းဖြေပါ...
ဟုတ်ကဲ့။
မင်းဘာကြောင့် အလုပ်ကိုကောင်းကောင်းမလုပ်ပဲ
အားတိုင်း facebook လာလာသုံးနေရတာလဲ။
ဟုတ်ကဲ့ပါ...
နှစ်လုံးသားက စေခိုင်းတဲ့အခါ နဲ့
ကြိမ်နဲ့အတို့ခံရတဲ့ အခါတွေကလွဲရင်
ကျွန်တော် အခြားဘာအလုပ်မှ အပိုမလုပ်ပါဘူး။
ကိုင်း ဒါဆို မင်းရဲ့သားမယားကို
ဘယ်လို လောက်ငအောင် ရှာဖွေကျွေးမွေးလဲ။
ဟုတ်ကဲ့...
သူတို့တွေက ကျွန်တော့်နှလုံးသားကို
ဘယ်လိုနှိုးဆွရမယ်ဆိုတာ
သိနေကြတယ်လေ။
ကဲ..ဒါဆို မင်းရဲ့အလုပ်ရှင်တွေကရော..။
ဟုတ်ကဲ့...
သူတို့ကြတော့ ဘယ်အချိန်မှာ ကျွန်တော့်ကို ကြိမ်နဲ့တို့ပြီး
ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာ
သိနေကြပြန်ရောဗျ။
ကောင်းပြီ မောင်မင်း...ဘာပြောချင်သေးလဲ။
ဟုတ်ကဲ့..
ဘယ်ဘက်နားထဲက ကလေးငိုသံကြားပြီး
ညာဘက်နားထဲက ကြိမ်သံကြားနေရလို့
သွားခွင့်ပြုပါဦးခင်ဗျာ။
ဘာကွ.... ဒီအတိုင်းသွားလို့ရမလား..
မင်းကိုပြစ်ဒဏ်ချရဦးမယ်
မင်းကိုမှီခိုနေတဲ့ မင်းရဲ့မိသားစုရှေ့ရေးအတွက်
မင်းရဲ့ ခံစားတတ်တဲ့ မလောက်လေးမလောက်စား
မင်းနှလုံးသားကို
Facebook မှာထားခဲ့...ဒါပဲ။

အလင်းဝိညာဉ်

မီး.....
စွဲလောင် ။

မီးစာကုန်ဆီခမ်း.....
ကျန်ခဲ့သည်.....
ပြာ ။

အလင်းဝိညာဉ်

မီး
စွဲလောင်...။
မီးစာကုန်ဆီခမ်း
ကျန်ခဲ့သည်
ပြာ...။

Friday, November 11, 2011

မုန့်ဖက်လေး၏ သေတမ်းစာ

ဆန်မှုန့်

စက်ပေါ်တက်

လျှာပေါ်ဖြတ်

တစ်မနက်

ဒီထက်ဘာတတ်နိုင်လို့လဲ